ကျိုက်လတ် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း၊ မြစန္ဒီခန်းမတွင် အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးသည့် နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ယနေ့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူ(၅၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို BoosterDose အဖြစ် ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးရန်ကျန်ရှိသော ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်ရီရီမြင့်
ကျိုက်လတ်(ပြန်/ဆက်)