လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

လေးမျက်နှာ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချူပ်နိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသော နှုန်းထားများဖြင့် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ဗိုလ်ချူပ်လမ်းဆုံနှင့် ဘိသလွန်ကျေးရွာတို့တွင် စားသုံးကုန်စည်များ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင် ဦးဆောင်၍ စျေးရောင်းစျေးဝယ်မှုများကို ကြည့်ရှုကူညီခဲ့ပြီး ရောင်းချရာတွင် အိမ်ထောင်စု တစ်စုအတွက် ဆန်တစ်ပြည်လျှင် ကျပ် ၁၅၀၀၊ ဆီ ၅၀ ကျပ်သာလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဝယ်ယူသူအိမ်ထောင်စုများမှလည်း ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ကျန်ရက်များ၌ မြို့နယ်အတွင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)