သီပေါ စက်တင်ဘာ ၁၉
၂၀၂၂ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဇာတ်စုရပ်ကွက်ရှိ နန်းဦးစေတီပရိယတ္တိစာသင်တိုက်အတွင်း၌ မြို့နယ်ရဲတပ်ဖွဲ့၏ဦးဆောင်မှုဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီကဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ရာတွင် သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့်မြတ် ဦးဆောင်၍ အရာရှိ/ အခြားအဆင့်နှင့်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ နန်းဦးစေတီပရိယတ္တိစာသင်တိုက် ကျောင်းဝင်းအတွင်းနှင့်စေတီအနီးတို့တွင် အမှိုက်များ၊ မြက်ပင်များနှင့် သစ်ပင်ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)