ပုဇွန်တောင် စက်တင်ဘာ ၂၀
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကူးစက်မှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ပုဇွန်တောင်မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ယနေ့နံနက် ၈ နာရီက ပုဇွန်တောင်မြို့နယ်ရှိ ကွက်သစ်လမ်းနှင့် အိမ်ကြီးလမ်းတို့ရှိ ဈေးများတွင် ဈေးရောင်းချသူများ၊ ဈေးဝယ်ကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု မရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ် စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ပုဇွန်တောင်မြို့နယ်အတွင်းရှိ ကွက်သစ်လမ်းနှင့် အိမ်ကြီးလမ်းတို့ရှိ ဈေးများတွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သွားလာကြရန်၊ ပြည်သူများ နှာခေါင်းစည်းများ တပ်ဆင်သွားလာကြစေရန်အတွက် Mask Campaign ပြုလုပ်ခြင်း၊ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လှုံ့ဆော်မှုများ ဆောင်ရွက်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်