မိုင်းယုမြို့၌ ဆင်းဧကရီ-၃ မျိုးသန့်မျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

မိုင်းယု စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ ယခုနှစ်မိုးသီးနှံ ဆင်းဧကရီ-၃ (RS to CS) မျိုးသန့် မျိုးစေ့ထုတ် စံပြကွက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအား ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်(တောင်ကြီး) စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း၊ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမိုးကျော်စွာဝင်း၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် မိုင်းယုမြို့ဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့တို့လိုက်ပါ၍ ဆင်းဧကရီ-၃ မျိုးသန့် မျိုးစေ့ထုတ် စံပြကွက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုအား ကွင်းဆင်းကြည့်ရှုပြီး ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မိုင်းယုမြို့စိုက်ပျိုးရေးဦးစီးဌာနရုံး အဆောက်အဦပြင်ဆင်ထိန်းသိမ်းနိုင်ရေးအတွက် ရုံးအဆောက်အဦအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အားချာ