ဒိုက်ဦး စက်တင်ဘာ ၂၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နွားမေထုန်မဲ့သားစပ်သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်လင်းက ကျေးလက်ဒေသများအတွင်း အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ နွားမျိုးကောင်းမျိုးသန့်များ ရရှိစေရန်၊ ကျေးလက်နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်း၊ ဆည်မြောင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟန်ကိုလတ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဇော်သိန်းနိုင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးစိုးထွန်းနှင့် သင်တန်းသား (၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၄)ရက်ကြာမြင့်ကာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)