ပုဗ္ဗသီရိမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်

ပုဗ္ဗသီရိ စက်တင်ဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကြီးကြပ်၍  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့ညနေပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ ကုတင်(၅၀)ရှေ့ သံလွင်လမ်းမကြီးနှင့် မြို့နယ်ပြည်သူ့ဆေးရုံး ကုတင်(၃၀၀)ရှေ့မြို့ပတ်လမ်းများတွင် Mask Campaign ပြုလုပ်ခဲ့သည်။

ထိုသို့  Mask Campaign ပြုလုပ်ရာတွင် ဒေသခံခရီးသွားများနှင့် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရန်၊  ပြည်သူများ နေအိမ်မှထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သွားလာရန်နှင့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာဆောင်ရွက်စေရန်၊ ကိုဗစ်-၁၉ ရောဂါကာကွာဆေး အကြိမ်ပြည့်ထိုးနှံစေရန် အသိပညာပေးပြောကြားခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၁၅၀၀ ကို အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)