မက်မန်း စက်တင်ဘာလ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားလူငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက် စေရန်ရည်ရွယ်၍ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြု ဗဟိုဌာန (community centre) ခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နှင်းယုဝေ နှင့် ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း(အဖွဲ့ဝင်)တို့က အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများကို စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပူစီဖောင်းတာဝါတိုင်စီခြင်း ကစားနည်းများကို ယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။
အဆိုပါ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို မက်မန်းမြို့နယ် အမျိုးသမီးအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)