ဒဂုံမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ

ဒဂုံ   စက်တင်ဘာ   ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် ၈ နာရီက ပြည်လမ်းအနောက်ရပ်ကွက်၊ ရန်ကုန်ကလေးဆေးရုံဝန်းအတွင်းတွင် ဆန်၊ ဆီ၊ ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀/- ကျပ်၊ စားအုန်းဆီ ၁ ပိဿာလျှင် ၄၈၀၀/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။ အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးမင်းသူကျော်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မေသန္တာ