ကျောက်မဲ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝန်ထမ်းများ လုပ်ရည်ကိုင်ရည်များ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ နိုင်ငံဝန်ထမ်း နည်းဥပဒေစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ဝန်ထမ်းများကနိုင်ငံဝန်ထမ်းနည်းဥပဒေ စာအုပ်ပါ အယူခံခြင်း ဆိုင်ရာများ၊ အငြိမ်းစားယူခြင်းဆိုင်ရာများတို့ကို အသီးသီးဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲ ခရိုင်ရုံးဝန်ထမ်းများက တစ်လလျှင် နှစ်ကြိမ်နှုန်း လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)