ဗဟန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာနှင့် Mask များလှူဒါန်း

ဗဟန်း   စက်တင်ဘာ   ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ဌာနဆိုင်ရာနှင့်အသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါတားဆီး၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၂၂)အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများကို စာရေးကိရိယာနှင့် Mask များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ထိုသို့လှူဒါန်းခြင်းကို ဗဟန်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

စန္ဒာဌေး(ပြန်/ဆက်)