ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်

ကလိန်အောင် စက်တင်ဘာ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီခွဲအချိန်က အမှတ်(၃) ရပ်ကွက်၊မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ရေး-ထားဝယ် ကားလမ်းမတွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင် ရန်ရည်ရွယ်၍  Mask Campaign လှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ Mask Campaign များ ဆောင်ရွက်ရာတွင် ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့်အဖွဲ့ဝင်များ၊ ကလိန်အောင်နယ်‌‌မြေရဲစခန်းမှ စခန်းမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နယ်မြေမီးသတ်စခန်းမှဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခင်ဦးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ခရီးသွားလာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား (Mask) နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ ပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လူမင်းအောင်