ဒိုက်ဦးမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်

ဒိုက်ဦး  စက်တင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများသည် ယမန်နေ့က ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဗျက်ကြီးကျေးရွာအုပ်စု၊ ဗျက်ကြီးကျေးရွာဓမ္မာရုံ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဒိုက်ဦးမြို့နှင့် အလှမ်းဝေးသော ကျေးရွာများရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာနေပြည်သူများ အချိန်ကုန်သက်သာစေပြီး လုပ်ငန်းပြီးမြောက်စေရန်ဖြစ်ပါကြောင်း မြိုနယ်ဦးစီးမှူးမှ ပြောကြားခဲ့သည်။

အဆိုပါကွင်းဆင်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)