ကြာအင်းဆိပ်ကြီးမြို့၌  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကြာအင်းဆိပ်ကြီး     စက်တင်ဘာ   ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူငယ်လူရွယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ ဗဟုသုတတိုး ပွားစေရေးအတွက် အသိပညာပေး‌ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွှဲ ၂ နာရီက ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ အသိပညာပေး‌ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ လူငယ်နှင့်မူးယစ်ဆေး ဆိုးကျိုး များခေါင်းစဉ်ဖြင့်လည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းက  ကလေးနီတိရုပ်စုံစာအုပ်ပါ မြေခွေးနှင့်ဖျံပုံပြင်ပြောပြခြင်းအစီစဉ်တို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ဆက်ဦးစီးဌာနမှ သက်ရှည်ကျန်းမာ လူသားကမ္ဘာ မူးယစ်ဆေးကိုတိုက်ဖျက်ပါ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသားကျောင်းသူများမှ စိတ်ဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)