အလုံမြို့နယ်၌ ပြည်သူများအား အခြေခံစာသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေး

အလုံ   စက်တင်ဘာလ   ၂၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  ပြည်သူများအခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်နေ အခြေခံ လက်လုပ်လက်စားပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၇၀၀/-ကျပ်၊ စားဆီတစ်ပိသာလျှင် ၄၇၅၀/-ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၆ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်း သိရှိ ရသည်။

တင်တင်ချို (ပြန်/ဆက်)