သာယာဝတီမြို့နယ်တွင် မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

သာယာဝတီ    စက်တင်ဘာ  ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့်  မြစ်မခမြစ်တံတားဆိပ်ကမ်း၌ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်သဘာဝရေပြင်အတွင်း ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငါးမျိုးစိုက်ထည့်ခြင်း၊ ငါးမျိူးမပြုန်းတီးရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်မြစ်အတွင်းရှိ ရေလုပ်သားများအား ငါးဖမ်းရာတွင် ရှော့တိုက်ဖမ်းခြင်းများ မပြုလုပ်ရန်နှင့် သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာကြရန် စည်းကမ်းချက်များထုတ်ပြန်ကာ အရေးယူ ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း ငါးမြစ်ချင်းကောင်ရေ တစ်သိန်း၊ ငါးခုံးမကြီးကောင်ရေ တစ်သိန်း၊ ငါးဖမ်းမကောင်ရေ ငါးသောင်းအား မြစ်မလခမြစ် သဘာဝရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးမှူး ဦးတင်ထွန်းနှင့် ဝန်ထမ်းများ၊ အုတ်ဖိုစခန်းတာဝန်ခံ ဒေါ်မိုးသီတာနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မြစ်မခမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ  နှစ်သိန်းခွဲအား စုပေါင်းလွှတ်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (သာယာဝတီ)