မင်းလှ စက်တင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး၊ နွေစပါးနှင့် နေကြာစိုက်ပျိုးသည့် တောင်သူများကို ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချခြင်းနှင့် နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီချိန်ကပြုလုပ်သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က စိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတတ်စေရန်အတွက် လယ်ယာကဏ္ဍကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်က ဓာတ်မြေဩဇာအိတ်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးရခြင်းနှင့် နေကြာမျိုးစေ့များထောက်ပံ့ပေးအပ်ရခြင်း အကြောင်းကိုပြောကြားသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးသည့်(၇၁၁)ဧကအတွက် MPE မြေဩဇာ(၇၁၁)အိတ်အား တောင်သူများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး၍ နေကြာစိုက်ပျိုးသည့်(၅၅၃၅)ဧကအတွက် ရေဆင်းစပ်မျိုးနေကြာ-၁တစ်ပြည်ဝင် (၅၅၃၅)အိတ်အား တောင်သူများထံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)