ချမ်းအေးသာစံမြို့နယ် Community Centre တွင် ပုံပြောပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၂၂

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မင်းကွန်းသရက်ပင် ကျောင်းတိုက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမှတ်(၅)တို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ရည်ရွယ်ကာ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယနေ့နံနက် (၁၀)နာရီက ကျောင်းသားကျောင်း သူများပုံပြောပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း သိရသည်။

ပုံပြောပြိုင်ပွဲတွင်  ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က Community Centre တွင် ပြိုင်ပွဲများကျင်းပပေးနေမှုများအကြောင်းနှင့် ပုံပြောပြိုင်ပွဲကျင်းပရ ခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ပုံပြောပြိုင်ပွဲကို ကျင်းပရာ မင်းကွန်းသရက်ပင်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမှတ်(၅)မှ စတုတ္ထတန်းနှင့် ပဥ္စမတန်းမှ ကျောင်းသား ကျောင်းသူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပုံပြောပြိုင်ပွဲတွင် ပထမဆုကို မောင်စွမ်းထက်လင်း၊ ဒုတိယဆုကို မောင်သူရထက်အောင်နှင့် တတိယကို မောင်ဇေယျာဝင်း တို့ကရရှိခဲ့ရာ ဆုရရှိသူများအား ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်