ဗိုလ်တထောင်မြို့နယ်တွင် တိုင်းရင်းဆေးပညာအကြောင်းဆွေးနွေးပွဲ (Talk Show) ကျင်းပ

ဗိုလ်တထောင်   စက်တင်ဘာ  ၂၂

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြည်သူများ၏ ကျန်းမာရေးကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ တိုင်းရင်းဆေးပညာအကြောင်း (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁ဝး၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သိန်းသိန်းယဉ်က တိုင်းရင်းဆေးပညာအကြောင်းကို မေးမြန်းဆွေးနွေးရာ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာဦးအောင်ဟိန်းသူက တိုင်းရင်းဆေးပညာရပ်တွင် အသား၊ ငါး၊ ပဲတို့မှရရှိသော ကျန်းမာရေးဓာတ်စာများ၊ ဂေါက်ရောဂါဖြစ်နေသူများအတွက် အစားအစာများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါဖြစ်နေသူများအတွက် စားသုံးသင့်သောအစာ၊ ဓာတ်စာများ၊ စားသုံးရန်မသင့်သောအစားအသောက်များနှင့် မြန်မာ့တိုင်းရင်းဆေးနည်းပညာဖြင့် ကုသမှုခံယူခြင်း၊ ရောဂါရှာဖွေရန်နှင့် ကုသမှုပြုရန်အတွက်  ကွဲပြားခြားနားလသော နည်းစနစ်များ၊ နည်းလမ်းများ၊ လက်နှိပ် ကုထုံးနှင့်ေ့ကျင့်ခန်းဆိုင်ရာများ၊ တိုင်းရင်းဆေးပညာသည်  အသိပညာနှင့် ယုံကြည်မှုကိုအခြေခံ၍ အပင်ထွက်၊ တိရိစ္ဆာန်ထွက်ပစ္စည်းများနှင့် တွင်းထွက်ဓာတ်သတ္တုများကို အခြေပြုဖော်စပ်ထားသည့် ဆေးများဖြစ်ကြောင်း၊ ပြည်သူများအနာရောဂါဖြစ်ပွားမှုမှ ကင်းဝေးစေရန် တိုင်းရင်းဆေးပညာနှင့်အပူ၊ အအေးမျှတအောင် ကုသပေးကြောင်း၊ သင့်တင့်မျှတနေထိုင်စားသောက်ခြင်းဖြင့် ဘဝကိုကျန်းမာစွာ နေထိုင်နိုင်ကြောင်း၊ အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

သိန်းသိန်း (ဗိုလ်တထောင်)