လှိုင်းဘွဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် ကိုဗစ်ရောဂါပိုး ရှိ /မရှိစစ်ဆေးပေး

လှိုင်းဘွဲ စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊  အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဝတ်မှုံခန်းမဆောင်၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ သိရှိနိုင်စေရေးအတွက် (RDT) test kit ဖြင့် စစ်ဆေးပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ကျောင်းသား၊ ကျောင်းသူများမှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ သိရှိနိုင်စေရေးအတွက် (RDT) tast kit  ဖြင့် စစ်ဆေးခြင်းအတွက်   စာရင်းရေးသွင်းရန်စောင့်ဆိုင်းနေချိန်၌   မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍  ကာကွယ်သွား ကြရေး၊ နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ကြရေး၊ လူထူထပ်သောနေရာများမှ ရှောင်ကြဉ်ကြ စေရေးနှင့် အရာဝထ္တုများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောကြစေရေး၊ ရောဂါကူးစက်နိုင်ခြေရှိသည့် အခြေအနေများကို ဆွေးနွေးဟောပြောခဲ့ပြီးနောက် မြိုနယ်ကျန်းမာရေးဦးစီး ဌာနမှ ဆရာမဒေါ်မြင့်မြင့်ဝင်း (ကျန်းမာရေး၊ကြီးကြပ်-၁) က  ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်ဖွယ် လက္ခဏာများ၊   ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ထိရောက်မှုရှိကြောင်း၊ ထပ်ဆောင်းကာကွယ်ဆေး မထိုးနှံရသေးသည့် ကျောင်းသား၊ ကျောင်းသူများကို ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်းရှင်းပြခဲ့ပြီး ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ရေးထားသည့် ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကာကွယ်ပါ ပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ပေးဝေခဲ့ကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)