ချမ်းမြသာစည် စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ကျောင်းသား/သူများ သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ဆောင်ရန်များအား သိရှိ စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန် ရည်ရွယ်၍ သဘာ၀ဘေး အန္တရာယ်နှင့် ပတ်သက်သော အသိပညာပေး ပြိုင်ပွဲများကို ယနေ့နံနက် ၁၀နာရီက အဆိုပါဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲများကျင်းပခြင်းနှင့် ပတ်သက်၍ ပြိုင်ပွဲစည်းကမ်းချက်များအား မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ရှင်းလင်းပြောကြားခဲ့ပြီးနောက် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ရုပ်ပုံကားချပ်များ၊ဗီနိုင်းများ၊ အန်စာတုံးများကို အသုံးပြု၍ ပြိုင်ပွဲကစားခြင်းများကို အထက် တန်း ပြဆရာမဒေါ်မိုးသီတာ၊ဒုဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် ၀န်ထမ်းများကကြီးကြပ်၍ ရှင်းလင်း ပြသခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ အမှတ် (၃၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများပါ၀င် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)