ပန်းတနော်မြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ပန်းတနော် စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ပြည်သူများသို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။

ထို့သို့ရောင်းချပေးရာတွင် ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဆန် (၁)ပြည်လျှင်ငွေကျပ် ၁၅၀၀၊ ဆီ (၃ဝ)ကျပ်သားလျှင် ငွေကျပ် ၁၅၀၀၊ ကြက်ဥ (၆) လုံးလျှင် ငွေကျပ် ၁၀၀၀၊ ဘဲဥ(၅)လုံးလျှင် ငွေကျပ် ၁ဝဝဝ၊ အိုင်အိုဒင်းဆား(၁)ထုပ်လျှင် ၂၅၀ ကျပ်နှုန်းနှင့် ဟင်းသီး ဟင်းရွက်များကို ပန်းတနော်မြို့နယ်အတွင်းရှိ ပြည်သူများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)