အုတ်တွင်း စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်မည့် ကန်ကလေးတောရရွှေကျင်ကျောင်းစာသင်တိုက်၏ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပူဇော်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းစာသင်တိုက်ရှိ သူရိန္ဒာရာမဓမ္မဗိမာန်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃာမဟာနာယကဆရာတော် ဘဒ္ဒန္တဉာဏဝံသကသြဝါဒမိန့်ကြားခဲ့ပြီး ကန်ကလေးတောရစာသင်တိုက် တိုက်အုပ်ဆရာတော်ဘဒ္ဒန္တဝိဇ္ဇာနန္ဒက ပူဇော်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းမိန့်ကြားခဲ့သည်။
အဆိုပါကျောင်းစာသင်တိုက် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်ပူဇော်ပွဲကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်နေ့ထိ နှစ်ရက်တာကျင်းပပြုလုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီများနှင့်ဒါယိကာ၊ ဒါယိကာမများက စာသင်တိုက်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် ပူဇော်ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)