သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး အကျိုးတူ လယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့်တောင်သူများနှင့် တွေ့‌ဆုံဆွေးနွေး

ကျောင်းကုန်း စက်တင်ဘာ ၂၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်  ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က Contract Farming အကျိုးတူလယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများနှင့် တွေ့ဆုံဆွေး နွေးခဲ့သည်။

ရှေးဦးစွာ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါကူးစက်ပျံဘပွားမှု မြင့်မားနေတဲ့ကာလမှာ တွေ့ဆုံရတာ အလွန်အားနာမိတယ်၊ ကိုယ်ပိုင်အစီအစဉ်ဖြင့် မွေးမြူရေး၊ စိုက်ပျိုးရေး လုပ်ကြရန်၊ လယ်ယာကဏ္ဍ မြှင့်တင်ရေး နွေစပါးနှင့်ပဲတီစိမ်းကို အဓိကတိုးချဲ့စိုက်ပျိုးကြရန်၊ နွေစပါးတစ်ဧကကို(၂)သိန်းနှုန်း၊ ပဲတီစိမ်း တစ်ဧကကို(၁.၂)သိန်းနှုန်းတို့ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်က Contract Farming အကျိုးတူ လယ်ယာစနစ်ဖြင့် သမဝါယမ အသင်းသား တောင်သူများ၏ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မည့် စီမံကိန်းအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဌေးမြင့်အောင် က Contract Farming အကျိုးတူလယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးရန် စီစဉ်လျာထားမှု အခြေအနေကို ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ယနေ့နံနက် ၁ဝး၃၀ နာရီ အချိန်ခန့်တွင် ရောက်ရှိပြီး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံကာ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း၊ အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် ကျေးလက်လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဒေါက်တာထွန်းမြင့်အောင်တို့က အသီးသီး အမှာစကားပြောကြားခဲ့ပြီး၊ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းရန်ပုံငွေ ကျပ် သိန်း(၁၀၀)ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးမှပေးအပ်ရာ လူသန့်ချောင်ကျေးရွာအုပ်စုမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)