တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် (၉/၂၀၂၂) လအတွက် ငြိမ်းစားပင်စင်စားများအား ပင်စင်လစာပုံမှန်ထုတ်ပေး

တနင်္သာရီ စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလအတွက် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးခဲ့ရာ စက်တင်ဘာလ ၂၁ ရက်က ပင်စင်စား (၇၈) ဦးနှင့် စက်တင်ဘာလ (၂၂) ရက်က (၅၆)ဦး၊ (၂) ရက်ပေါင်း အငြိမ်းစားပင်စင်စား (၁၃၄) ဦးအား ပင်စင်လစာငွေကျပ် (၁၈၃၄၄၅၈၅/၀၃) ကို ထုတ်ပေးနိုင်ခဲ့ပြီး ပင်စင်လစာငွေထုတ်ယူရန် ပင်စင်စားဦးရေ (၄၅၆) ဦးရှိသဖြင့် လစာထုတ်ရက်အထိ ဘဏ်ဖွင့်ရက်များတွင် ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရှိရသည်။

တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား လစဉ်(၂၁)ရက်မှစ၍ လစာထုတ်ရက်အထိ ဘဏ်ဖွင့်ရက်များတွင် နေ့စဉ်နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ပုံမှန်အတိုင်း ထုတ်ပေးနေကြောင်း၊ အငြိမ်းစားဝန်ထမ်းများကလည်း မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သတ်မှတ်နေရာများတွင် တစ်ဦးနှင့်တစ်ဦး (၆)ပေကွာ၍ ထိုင်စောင့်ခြင်း၊ အသက်အရွယ်ကြီးရင့်သူကို ဦးစားပေးကူညီဖေးမခြင်းတို့ဖြင့် ပင်စင်ထုတ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းကူညီပေးကြပါရန် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာက မေတ္တာရပ်ခံပန်ကြားထားကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း (ပြန်ဆက်)