မိုင်းပျဉ်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ပထမအကြိမ် ဆို−က−ရေး−တီးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အထက်တန်းပြဆရာမ ဒေါ်နန်းဆိုင်လောင်က ပြိုင်ပွဲ အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်းချပြကာ ဆို−က−ရေး−တီး ပြိုင်ပွဲများကို စတင်ဆောင ရွက်ပါသည်။ အထကကျောင်း၏ ပထမအကြိမ် ဆို−က−ရေး−တီး ပြိုင်ပွဲတွင် ထက်၊ လယ်၊ မူအဆင့် ကဗျာလွတ်ပြိုင်ပွဲ၊ အထက်တန်း၊ အလယ်တန်းအဆင့် အဆိုပြိုင်ပွဲနှင့် ထက်၊ လယ်၊ မူအဆင့် သဘင်တိုင်အက ပြိုင်ပွဲများ ပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူ (၄၃) ဦးတို့မှ ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၏ ပထမအကြိမ် ဆို−က−ရေး−တီး ပြိုင်ပွဲတွင် ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပညာရေးစုံညီပွဲတော် ကျင်းပချိန်၌ ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ စုံညီစွာတက်ရောက်ကြည့်ရှု အားပေးခဲ့ကြ ကြောင်း အထကပညာရေးဌာနမှ သတင်းရရှိပါသည်။
နန်းသန္တာဦး (ပြန်/ဆက်)