ဟိုပုံး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) နှင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲကို ယနေနံနက် ၉ နာရီချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတွင် ဖြေဆိုခဲ့ကြကြောင်းသိရ သည်။
ထိုသို့ရေးဖြေစာမေးပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တက်ရောက်ရန်အတွက် ဟိုပုံးမြို့နယ်မှ သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ (၆) ဦး၊ ဖြေဆို(၄)ဦး၊ ပျက်ကွက်(၂)ဦး၊ ဆီဆိုင်မြို့နယ်မှ သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၁၈)ဦး၊ ဖြေဆို(၁၅)ဦး၊ ပျက်ကွက်(၃)ဦး ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် တက်ရောက်ရန်အတွက် ဟိုပုံးမြို့နယ်မှ သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာ ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ(၃)ဦး၊ ဖြေဆို(၃)ဦး၊ ဆီဆိုင်မြို့နယ်မှ သိပ္ပံတွဲ၊ ဝိပ္ပံတွဲ၊ ဝိဇ္ဇာ ကျောင်းသား၊ ကျောင်းသူစာရင်းရှိ(၉)ဦး၊ ဖြေဆို(၉)ဦးရှိပြီး ကျောင်သား၊ ကျောင်သူများက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်များကို ဖြေဆိုခဲ့ကြောင်းသိရသည်။ အဆိုပါဖြေဆိုနေမှုအား ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးတင်ထူးမောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)