သုံးခွမြို့နယ်‌၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါတားဆီးကာကွယ်ရေးအတွက် မြို့မစျေးကြီးနှင့်ရပ်ကွက်များတွင် ကလိုရင်းပိုးသတ်ဆေးများဖျန်းပေး

သုံးခွ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ဥပုသ်နေ့စျေးပိတ်သည့်ရက်တွင် စျေးသူစျေးသားများနှင့် စျေးရောင်း စျေးဝယ်ပြည်သူများ ကိုဗစ်-ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန်အတွက် ကလိုရင်းဆေးဖြန်းခြင်းလုပ်ငန်းများကို  မြို့မစျေးကြီးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလိုရင်း ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနl မြို့နယ်မီးသတ်  မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကလိုရင်းဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကလိုရင်းဆေးဖြန်းခြင်း လုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)