မုဒုံ စက်တင်ဘာ ၂၄
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ် သရုပ်ပြသခြင်းကို ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲ ဗိုလ်တေဇ၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိက မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး လုပ်ငန်းများအ ကြောင်း၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ဆောင်ရန်ရှောင်ရန်အချက်များကို ရှင်း လင်းဟောပြောသည်။ ထို့နောက် တပ်ဖွဲ့ဝင်မျာက မီးဘေးအန္တရာယ်များ ကြုံကြိုက်လာ ပါက အဆင်သင့်ငြှိမ်းသက်နိုင်ရန်အတွက် မည်သည့်နေရာတွင်မဆို ကနဦး မီးငြှိမ်း သတ်စေရေး၊ ကယ်ဆယ်ရေးဆောင်ရွက်မှုများ၊ မီးလောင်ကျွမ်းရခြင်း၏ သဘောတရားများ စသည့် မီးလောင်ကျွမ်းမှု ဆိုင်ရာများနှင့် လျှပ်စစ်မီး၊ လောင်စာဆီမီး၊ သဘာဝ မီးဘေးအန္တရာယ်များ မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးဖြင့် ငြှိမ်းသတ် ခြင်းအခြေအနေများကို ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများအား လက်တွေ့သရုပ် ပြသခဲ့ပြီး သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိခိုက်ပျက်စီး ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)