သာပေါင်း စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တဲကြီးကုန်းလမ်းတွင် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၂ နာရီဝန်ကျင်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးပြိုကျပျက်စီး၍ နေအိမ်တစ်လုံးမှာအမိုးလန်ခြင်း ဖြစ်ပွားခဲ့သည့် အိမ်ထောင်စုများအား သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံး၊ အမိုးလန် ပျက်စီးနေအိမ် (၁)လုံး၊ စုစုပေါင်းနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁၈၉၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၁၆၈၉၀၀) တို့ကို သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းနှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း