ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မိုးကြိုးဘေးအန္တရာယ်အသိပညာပေးနှင့် မြေငလျင်ဘေးအန္တရာယ်အသိပညာပေး ပိုစတာစိုက်ထူ

ဟိုပုံး စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မိုးကြိုးဘေး အန္တရာယ် အသိပညာပေးနှင့် မြေငလျင် ဘေးအန္တရာယ်အသိပညာပေး ပိုစတာကို သီရိမင်္ဂလာပန်းခြံနှင့် ကျွဲ၊ နွားဈေးကွင်းတွင် ယမန်နေ့ညနေပိုင်းက စိုက်ထူခဲ့ကြောင်းသိရသည်။

ထိုသို့ မိုးကြိုးဘေးအန္တရာယ် အသိပညာပေး ပိုစတာစိုက်ထူရာတွင် လျှပ်စစ်လက်မှု ဖြစ်ပွားစဉ် အိမ်အတွင်းရှိနေပါက လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကို ခလုတ်ပိတ်၍ ပလတ်ဖြုတ်ထားရန်၊ ရေဒီယို နားထောင်ခြင်း၊ တီဗွီကြည့်ခြင်း၊ ဖုန်းပြောခြင်း၊ ဖုန်းဖြင့် အင်တာသုံးခြင်း မပြုလုပ်ရန်၊ ပြတင်းပေါက်နှင့် ဝေးရာတွင် နေရန်၊ သွပ်ဆူးကြိုး ကာထားသော ခြံစည်းရိုး၊ သံထည်ပစ္စည်း၊ သံလမ်းများ အနီးတွင်မနေရန်၊ ရေလွှမ်းနေသောလမ်းပေါ်သို့သွားလာခြင်း၊ ရပ်နေခြင်းမပြုရန်၊ လယ်ကွင်း၊ ကွင်းပြင်ထဲနေထိုင်ခြင်းမှ ရှောင်ရှားရန်၊ ကွင်းပြင်ကျယ်တွင် လူစုဝေးဖြစ်နေပါက အမြန်လူစုခွဲပြီး အမိုးကာရှိရာ ရှာဖွေပြောင်းရွှေ့ပါရန်၊ ဆံပင်များ ထောင်လာသည်ဟု ခံစားရပါက ဒူးပေါ်လက်ယှက်တင်၍ ပုဆစ်တုပ်ထိုင်ချပါ၊ ဝမ်းလျားမမှောက်ပါနှင့်၊ မြေငလျင်ဘေးအန္တရာယ် အသိပညာပေး ပိုစတာစိုက်ထူရာတွင် မြေငလျင်လှုပ်စဉ် ကြိုတင်ပြင်ဆင်ရမည့် နည်းလမ်းများ၊ ငလျင်လှုပ်စဉ် အဆောက်အဦအတွင်းရှိပါက ကြိုင်တင်ပြင်ရမည့် နည်းလမ်းများ၊ ငလျင်လှုပ်စဉ် အဆောက်အဦ အပြင်ရှိပါက ကြိုတင်ပြင်ဆင်ရမည့် နည်းလမ်းများကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးမှ ဦးစီးအရာရှိ ‌ဒေါ်နန်းခမ်းခြူးနှင့် တာဝန်ရှိသူများက စိုက်ထူခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)