ချောက် စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်း၍ အမှတ်(၁၅)ရပ်ကွက် မြေနီကုန်းရပ်ရှိ ဇေယျာသီရိဘိုးဘွားရိပ်သာအတွင်းအပြင်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းပြုလုပ်ရာတွင် ဇေယျာသီရိဘိုးဘွားရိပ်သာအတွင်းအပြင်ရှိ ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်းရှင်းလင်းခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက အမှိုက်သယ်ယာဉ်ဖြင့် သယ်ယူ စွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ် ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စုစုပေါင်းအင်အား (၁၂၄)ဦးဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)