အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ပေးသည့် ဥပဒေများ အသိပညာပေး Talk Show ဆောင်ရွက်

အမ်း စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ပေးသည့်ဥပဒေများ အသိပညာပေး Talk Show ကို ယမန်နေ့ ညနေပိုင်းအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် စာကြည့်တိုက်လက် ထောက်-၃ ဒေါ်ဌေးဌေးဝင်းတို့က အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ပေးသည့် ဥပဒေများနှင့်ပတ်သက်၍ ဥပဒေနှင့်ဆန့်ကျင်သော အတင်းအဓမ္မစေခိုင်းခြင်း၊ ညစ် ညမ်းသောစကားဖြင့် ဆဲဆိုခြင်း၊ ညစ်ညမ်းသောပြုလုပ်မှုသီချင်းဆိုခြင်း၊ မိန်းမတစ်ယောက်အား ကာယိန္ဒြေပျက်စီးစေရန် ကိုထိလက်ရောက် ကျုးလွန်ခြင်း၊ အသရေဖျက်ခြင်း၊ ကာမကို လိမ်လည်ရယူခြင်း၊ အမျိုးသမီးအား နာကျင်အောင် ကိုထိလက်ရောက်ပြုလုပ်ခြင်း၊ တစ်ဦးတစ်ယောက်အား အပြင်းအထန်နာကျင်စေခြင်း၊ မုဒိန်းမှု၊ လူခိုးမှု အစရှိသည့်  သိသင့်သိထိုက်သည့် အကြောင်းအရာများကို Online မှတဆင့် ပြည်သူများ၊ ကလေးသူငယ်များ အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဥပဒေ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့‌ကြကြောင်း သိရသည်။

စိုးမင်းထွန်း

မြို့နယ်(ပြန်/ဆက်)