မိုင်းတုံမြို့နယ်အတွင်းရှိ သက်(၈၅)နှစ်အထက် ဘိုးဘွား(၅၁)ဦးအား လူမှုရေးပင်စင်ထောက်ပံ့

မိုင်းတုံ စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ်၊(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား (၅၁) ဦးအား ယနေ့နံနက်  ၈ နာရီခွဲက လူမှုရေးပင်စင်ထောက်ပံ့ပေးခဲ့သည်။

ယင်းလူမှု‌ရေးပင်စင်ထောက်ပံ့ငွေကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ထွေး ဦးဆောင်၍ မြို့နယ်လူမှုဝန်ထမ်းဌာန၊ ရပ်ကျေးစာရေး၊ ပြန်/ဆက်၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ဘိုးဘွား (၅၁) ဦးတို့၏ နေအိမ်လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိသည်။

အဆိုပါ ထောက်‌ပံ့ငွေသည် လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်လလျှင် ဘိုးဘွားတစ်ဦးကို လူမှုရေး ပင်စင် (၁၀၀၀ဝိ) ကျပ်နှုန်းဖြင့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ(၃)လစာကို သုံးလလျှင် တစ်ကြိမ်ဘိုးဘွားများထံသို့ အရောက်ထောက်ပံ့ပေးရာ ယခုအကြိမ်မှာ ၂၀၂၂ ခုနှစ်တွင် တတိယ အကြိမ်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။

ဝင်းဝင်းခိုင် (မိုင်းတုံ၊ပြန်/ဆက်)