ဖျာပုံ စက်တင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းသားကြီးများ ပူးပေါင်း၍ ဒေါ်ညိမ်းကျေးရွာအတွင်းရှိ ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဘော့ချိတ်ပုစွန်ပိဿာ (၅၀)အား ရောင်းချပေးခြင်းကို စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်က ဒေါ်ညိမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဘော့ချိတ်ပုစွန်များ ရောင်းချပေးရာတွင် အမာမြို့ ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးဦးသန်းဦးနှင့် ဝန်ထမ်းများ၊ အင်းသားကြီးများ၊ ဒေါ်ညိမ်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက အိမ်ထောင်စုတစ်စုလျှင် ဘော့ချိတ်ပုစွန် (၅၀)ကျပ်သားကို ငွေကျပ် (၂၀၀၀)ဖြင့် ရောင်းချပေးရာ ဘော့ချိတ် ပုစွန်ပိဿာချိန်(၅၀)ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြပြီး၊ အမာမြို့ရပ်ကွက်/ ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကိုလည်း သက်သာသောစျေးနှုန်းဖြင့် ဘော့ချိတ်ပုစွန်များကို ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)