လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပျံ့နှံ့မှုတားဆီးကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask Campaign ပြုလုပ်ခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှု ကာကွယ်နိုင်ရေးအတွက် ပြည်သူများနေအိမ်မှပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)တပ်ဆင်ပြီး သွားလာကြရန် Mask Campaign ပြုလုပ်ခြင်းနှင့် ကာကွယ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက အမှတ် (၁)ရပ်ကွက်တွင် နှာခေါင်းစည်းများ ဖြန့်ဝေကာ Mask Campign ပြုလုပ်၍ လော်နှင့်ဆော်သြ၍ လှည့်လည်အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ် -၁၉ ရောဂါမှ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ယနေ့နံနက် (၇)နာရီအချိန် က အမှတ်(၃)လမ်း မတလျောက်နှင့် ပြည်လမ်းမတလျောက်တို့တွင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ထိုသို့ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထောက်ကြန့်သပြေညိုပညာဒါနအသင်း ခန်းမ၌ (အခမဲ့)အခြေခံကွန်ပျူတာသင်တန်း ဆင်းပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်သပြေညို ပညာဒါနအသင်းခန်းမ၌ (အခမဲ့)အခြေခံကွန်ပျူတာ သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာရေးအသိပညာပေးဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင်   ယနေနံနက်ပိုင်းက သီရိရ တနာစျေးအနီးတွင် ဒေသခံများနှင့်ဖြတ်သန်းသွားလာနေသည့်ခရီးသွား ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်​ ရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

သာဂရစက်မှုဇုန်ဆေးရုံသို့ PPE ဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၆)ကုတင်ဆံ့ သာဂရစက်မှုဇုန်ဆေးရုံသို့ PPE ဝတ်စုံနှင့် အထောက်အကူပြုပစ္စည်းများကို ယနေ့နံနက် ၁၁:၃၀ နာရီအချိန်က အမှတ်(၅)တပ်မတော် အကြီးစားစက်ရုံ(သာဂရ) အစည်းအဝေးခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။

နေပြည်တော်၌ကျင်းပမည့် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့်အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော်၌ ကျင်းပမည့် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့မွန်းလွဲ ၁ နာရီတွင် ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) ခန်းမ၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။

ဝေါမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့(၅၈)နှစ်မြောက်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊‌ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲရုံးမှ  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့တွင် (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို အမှတ်(၁၅)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များက လှိုင်သာယာပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့နံနက်က စုပေါင်းသွေးလှူဒါန်းပေးလျက်ရှိသည်။

တာမွေမြို့နယ်ရှိ ရင်သွေးငယ်လေးများအတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ရင်သွေးငယ်လေးများ၏ ဉာဏဆိုင်ရာ တီထွင်ဖန်တီးမှု စွမ်းရည်များ တိုးတက်မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းအချိန်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ

တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်း၊ ဥက္ကလာပဘုရားရှေ့တွင် ယနေ့နံနက်(၈:၀၀)အချိန်က ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ခရီးသွားလာနေကြသော မိဘပြည်သူများ နေအိမ်မှပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို
Subscribe to