လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးတွင် စာဖတ်ဝိုင်းကျင်းပ

တောင်ကြီး  စက်တင်ဘာလ ၂၆

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် တောင်ကြီးမြို့နယ် စာရေးဆရာများနှင့် စာပေဝါသနာရှင်များက  ယမန်နေ့ နေ့လည် (၁၂)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တောင်ကြီးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ပြည်သူ့ စာကြည့်တိုက်အတွင်း၌   စာဖတ်ဝိုင်းကျင်းပဆွေးနွေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းကက  စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများ ဖြစ်ကြသည့် ဆရာမောင်လူသစ်(ဗန္ဓုလ)၊ ဆရာမရွှေလေညှင်းနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း) ရေးသားသည့် ပန်းတိုင်းပွင့်ခွင့်ရှိပါသည်နှင့် အခြား ကလေးဝတ္ထု တိုများစာအုပ်ထဲမှ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြသည့် ကြိုက်နှစ်သက်သည့် အကြောင်းအရာ အချက်အလက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)