ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၄၃၁၃၆၂)ဦးထိုးနှံပြီးဖြစ်

ကျောက်ဆည်  စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးများ ကူးစက်မှုမရှိစေရေး အသိ ပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီက ကိုဗစ်-၁၉ကာကွယ်ဆေး (၄၃၁၃၆၂)ဦး ထိုးနှံပြီးဖြစ်ကြောင်း  သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုနှံပေးရာတွင် ပထမအကြိမ် (၂၁၀၈၂၆)ဦး၊ ဒုတိယအကြိမ်(၁၈၇၄၇၀)ဦး၊ တတိယအကြိမ်တွင်(၃၀၇၈၁)ဦးနှင့် စတုတ္ထအကြိမ် (၂၂၈၅)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးရေး ကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင်လွှမ်းခြုံနိုင်မှုရှိရေး မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်း၀င်များ ပူးပေါင်း၍ စုကြီးရက်ကွက် မြို့တော်ခန်းမနှင့် သတ်မှတ်နေရာများတွင် ကာကွယ်ဆေးများ လာရောက်ထိုးနှံရေး ဆော်ဩခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)