မြဝတီ စက်တင်ဘာ ၂၇
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန် မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ၂၆ ရက်နေ့တွင် ၁၅၇ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုအားပေးကြပြီး သက် ဆိုင်ရာ ဌာနအလိုက်တာဝန်ရှိသူများနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာကာကွယ်ရေး အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက် လာသူများ၏ အချက်အလက်များ စာရင်းကောက်ယူခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးသည်။
ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ်ဆောင် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ နေရပ်ပြန်များအားမြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွာ းအလာ ရက်ကန့်သတ်ထားရှိကာ ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးသည်။
ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၀၁ ဦး၊ အမျိုးသမီး ၅၆ ဦး စုစု ပေါင်း၁၅၇ ဦးရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)