လိပ်သို စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုဒေသရှိ တောင်သူများမှာ ဥယျာဉ်ခြံ လုပ်ငန်းများကို အဓိကထားလုပ်ကိုင်အသက်မွေးဝမ်းကျောင်းကြပြီး နှစ်ရှည်သီးနှံပင် မျိုးစုံအားစိုက်ပျိုးကြသည့်အနက် ဒေသအခေါ် ဖာလာသီးနှံ (ချဉ်ပေါင်) ဖာလာကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။
ယခုအခါ ရာသီပေါ်သီးနှံဖြစ်သည့် ချဉ်ပေါင်ဖာလာများမှာ ရင့်မှည့်လာပြီဖြစ်၍ ကျေးရွာတိုင်းရှိတောင်သူများမှာ ဖာလာဆွတ်ခူးထုတ်လုပ်ခြင်းလုပ်ငန်းကို အားသွန်ခွန်စိုက် လုပ်ကိုင်လျက်ရှိ နေပြီဖြစ်ရာ အသီးဆွတ်ခူးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အခြောက်ပြုလုပ်ခြင်းတို့တွင် ဒေသခံ အလုပ်သမားများနှင့် မလုံလောက်၍ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ရေတာရှည်မြို့နှင့် အခြား မြို့နယ်များမှ လုပ်သားများခေါ်ယူ၍ ငှါးရမ်းလုပ်ကိုင်လျက်ရှိကြသည်။ အဆိုပါ ထွက်ရှိလာသော ဖာလာသီးများကို ဒေသခံပွဲရုံများနှင့် တောင်ငူမြို့ရှိ ပွဲရုံများသို့ ပို့ဆောင်ရောင်းချကာ ရိက္ခာများ ဝယ်ယူခြင်းနှင့် လုပ်အားခများအား ပေးချေလျက်ရှိကြောင်း သိရသည်။
ဖာလာဆွတ်ခူးချိန်ရာသီအစတွင် ဖာလာအစို ဆာလာအိတ်တစ်အိတ်လျှင်ကျပ် (၁၅၀၀ဝိ/−) မှ (၁၇၀၀ဝိ/−) နှင့် ဖာလာအခြောက်တစ်ပိဿာလျှင် ကျပ် (၈၀၀ဝိ/−) မှ ကျပ် (၁၀၀၀ဝိ/−) အထိသာ စျေးရရှိနေပြီး ရာသီအကုန်ရောင်းဝယ်ချိန်တွင် စျေးကောင်းရရှိရန် ဒေသခံတောင်သူများမှ မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)