ဘားအံ စက်တင်ဘာ ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သတင်းရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ သတင်းကောင်းတစ်ပုဒ်တွင် ပါဝင်ရမည့်အချက်များ၊ သတင်းတည်းဖြတ်နည်းများကို သိရှိနိုင်ရန်ရည်ရွယ်၍ သတင်းရေးသားတည်းဖြတ်နည်းသင်တန်း (၁/၂၀၂၂) ကို ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းလုပ်ဆောင်ရာတွင် ပြည်သူများသို့ အသိပညာပေးခြင်းနှင့် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းအဖြစ် နှစ်ပိုင်းခွဲခြားထားကြောင်း၊ မိမိတို့ဌာနအနေဖြင့် သင်တန်းတက်ရောက်ခြင်းဖြင့် ဝန်ထမ်းများအားလုံး အခြေခံသတင်းရေးသား နည်းကို တတ်မြောက်ရမှာဖြစ်ကြောင်း၊ သတင်းရေးသားရာတွင်မှန်ရမည်၊ မြန်ရမည်၊ ထိရောက်မှုရှိရမှာဖြစ်ကြောင်း၊ သတင်းကိုသတင်းမှား၊ သတင်းမှန်ခွဲခြားနိုင်ရမှာဖြစ်ကြောင်း၊ မိမိတို့၏ပင်မလုပ်ငန်းကိုလည်း သိရှိဖို့လိုကြောင်း၊ သင်တန်းတွင် သင်တန်းသား/သူများအနေဖြင့် မေးခွန်းများမေး၍ ပါဝင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းဖွင့်လှစ်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို ဘားအံခရိုင်အတွင်းရှိ မြို့နယ်၊ မြို့ရုံးများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း (၂၁) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းတွင် စသည့်ဘာသာရပ်များကို (၂၇-၉-၂၀၂၂) ရက်နေ့မှ (၂၈-၉-၂၀၂၂) ရက်နေ့အထိ (၂) ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)