မအူပင်ရိုင် Community Centre ခန်းမ၌ ကလေးများ ကာယ၊ ဥာဏ ဖွံဖြိုးတိုးတက်စေရေး အားကစားပြိုင်ပွဲများပြုလုပ်

မအူပင် စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယ ဥာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ပြီး ကျန်းမာပျော်ရွှင်သော အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကလေးငယ်များ ကာယ၊ ဥာဏ ဖွံ့ဖြိုးတိုးတက်စေရေး ဥာဏ်ရည်ဥာဏ်သွေး ဖွံဖြိုးစေကာ ကျန်းမာရေးကောင်းမွန်စွာ၊ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေး အားကစားပြိုင်ပွဲများဖြစ်သည့် အရုပ်ဆက်၊ ခွက်နင်း၊ ဘဲဥကောက်၊ ဘိုးလင်းပစ်၊ ခုံလုပြိုင်ပွဲ စသည့် အားကစားနည်းများအား အမှတ်(၂) အခြေခံပညာ အထက်တန်းမှ မူလတန်းအဆင့် ကျောင်းသား/ သူများက ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ ဆက်(မအူပင်)