တနင်္သာရီမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်(၉နှစ်မှ၁၂နှစ်)အတွင်း ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီ စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ အသက် (၉နှစ်မှ၁၂နှစ်)အတွင်း ကျောင်းသူများအား (Human Papilloma Vitus)(HPV)သားအိမ်ခေါင်း ကင်ဆာနှင့်မျိုးပွါးလမ်းကြောင်း၌ ဖြစ်ပွားတတ်သောကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်မည့် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ညောင်ပင်ကွင်း ကျေးရွာအုပ်စုအတွင်းရှိ အခြေခံ ပညာကျောင်းများတွင် စတင်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ (HPV)သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးရာမှာ အထက-ညောင်ပင်ကွင်းမှကျောင်းသူ(၉၇)ဦး၊ အလက-ဂဏန်းကွင်းမှ(၂)ဦး၊ မူလွန်-ကျွဲထိန်းကုန်းမှ(၆)ဦး၊ အလက(ခွဲ) ညောင်ပင်ကွင်းအနောက်မှ(၂၄)ဦး၊ အမက-ထုံမခါမှ(၁၆)ဦး၊ အလက(ခွဲ)မုတ်ဆိတ်ကွင်းကျောင်းမှ(၂၃)ဦး ပေါင်း(၁၆၈)ဦးအား ညောင်ပင်ကွင်းရွာကျေးလက်ကျန်းမာရေးဌာန လ/ထကျန်းမာရေးမှူးမှူး ဦမြတ်သီလက ကြီးကြပ်လျက် ကျေးလက်ကျန်းမာရေးဌာနဆရာမများက သက်ဆိုင်ရာ ကျောင်းများအထိသွားရောက်၍ ထိုးနှံပေးကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)