နမ့်ဆန် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးအတွက် မိဘပြည်သူများအား mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို ယမန်နေ့ နံနက်(၆)နာရီအချိန်က မြို့လယ်ရပ်ကွက်၊ မနက်ခင်းဈေးလမ်းထိပ်တွင် ပြုလုပ်ဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထိုက်က စီစဉ်ကြီးကြပ်၍ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့၊ ရပ်ကျေးစာရေးများပါဝင်သော ပူးပေါင်း အဖွဲ့သည် နမ့်ဆန်မြို့ မနက်ခင်းဈေးတွင် ရပ်နီး/ရပ်ဝေးမှ ဈေးရောင်း၊ဈေးဝယ် လာရောက်သည့် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ သွားလာနေထိုင်ကြရန်၊ နေအိမ်အပြင်သို့ ထွက်ခွာပါက မဖြစ်မနေ နှာခေါင်းစည်း နှာခေါင်းစည်း(Mask)တပ်ဆင်သွားလာကြရန် အသိပေးပြောကြားပြီး နှာခေါင်းစည်း ( Mask ) များ ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်