အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကံမ စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အတွင်းရေးမှုး ရဲမှူးရဲထွဋ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဖြိုးပိုင်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဝေယံ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အတွင်းရေးမှုး ရဲမှူးရဲထွဋ်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အသုံးပြုမှုတားဆီးရေးအကြောင်းတို့အား အသိပညာပေး‌ ဟောပြောခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဖြိုးပိုင်က ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအကြောင်းတို့အား အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျောင်းအုပ်ဆရာမကြီးထံသို့ ကျောင်းသားကျောင်းသူများအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)