မိုင်းခတ် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ နံနက်(၉)နာရီခွဲအချိန်က ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မိုင်းခတ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင် က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်းအကြောင်း ပြောကြားပြီး၊ စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်နှင့် အငယ်တန်းစာရေး(အင်အားပြ)ဒေါ်ငြိမ်းငြိမ်းအောင်တို့က သုတပဒေသာစာစောင်အတွဲ(၄၆)၊ အမှတ်(၇)မှ စာရေးဆရာ သန့်လွင်ထွန်း(MPA)နှင့် စာရေးဆရာ သန်းစော(စီပီအေ)တို့ ရေးသားသော ကလေးအလုပ်သမား ကင်းစင်ပပျောက်ရေး၊ ကလေးအလုပ်သမားဘဝမှ လွတ်မြောက်နိုင်ရေး ဆောင်းပါးမှ အကြောင်းအရာအချက်များကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြသည်။
အဆိုပါTalk Show ဆွေးနွေးပွဲများအားပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေး အတွက် Online မှတဆင့်စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုသည်များအား We Love Mong khat Facebook Page တွင်ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)