မိုင်းခုတ်မြို့၊ အမက(ဝမ်ကတ်)၌ အာရ်စီတစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်မှု ၃၅ ရာခိုင်နှုန်းတည်ဆောက်ပြီးစီး

မိုင်းခုတ် စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား၊ သင်ယူနိုင်စေရေးအတွက် အာရ်စီတစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၃၅ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်ကို ဇူလိုင် ၂ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ပြီး အမျိုးအစားမှာ  အလျား ၆၀ ပေ၊ အနံ ၂၀ ပေနှင့် အမြင့် ၁၂ ပေရှိ အာရ်စီတစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ၇၅ ဒဿမ ၄၅ ကျပ်သန်းဖြင့် လင်းရောင်ခြည်ဖြိုးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)