တိုက်ကြီး စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဉီးစီးဌာနမှ သိရသည်။
ထိုသို့ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် သမဝါယမ ဉီးစီးဌာနရုံးများတွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆိုဒီယမ် ဟိုက်ပိုကလိုရိုက်စ် ပိုးသတ်ဆေးများကို ပက်ဖျန်းပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို တိုက်ကြီးမြို့နယ် မီးသတ်ဉီးစီးဌာနမှ ဉီးစီးအရာရှိ ဉီးဇော်ချစ်ထက် ဉီးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)