သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျုံကဒတ်ကျေးရွာနှင့် စက်စဲကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ကွင်းဆင်းဆောင်ရွက်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ကျေးရွာနေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ကျုံကဒတ်ကျေးရွာ(ဓမ္မာရုံ)နှင့် မွန်းလွဲပိုင်းတွင် စက်စဲကျေးရွာ (ဓမ္မာရုံ)တို့၌ ကွင်းဆင်း၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။