ဖျာပုံမြို့ အထက-၄ ကျောင်းတွင် ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အမှတ်(၄)ရပ်ကွက်၊ အထက-၄ ကျောင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ၊ အသက်(၁၀)အထက် ကျောင်းသား၊ ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့အမှတ်(၄)ရပ်ကွက်၊ အထက-၄ ကျောင်းခန်းမ၌ ပြုလုပ်ပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်၊ ကျောက်စရစ်ကုန်းကျေးရွာရှိ လက်မှုပညာလုပ်ငန်းဖြစ်သော ဝါးနှီးဖျာလုပ်ငန်းအား ကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်း ကျေးရွာတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ကျော်ကတည်းက လုပ်ကိုင်လျက်ရှိသည့် ဝါးနှီးဖျာလုပ်ငန်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းမှ ယမန်နေ့နံနက် ၁၀ နာရီက လာရောက်ကြည့်ရှုအားပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ် မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၂၂) တက်ရောက်

မွန်ပြည်နယ်အနေဖြင့် မြေအသုံးချမှု စီမံခန့်ခွဲခြင်း၊ မြေခွဲဝေချထားခြင်းနှင့် မြေအသုံးချမှု စီမံကိန်းလုပ်ငန်းစဉ်များ အရည်အသွေး ကောင်းမွန်စေခြင်းတို့ကို ရည်ရွယ်၍ မြေအသုံးချမှု မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် မြေအသုံးချမှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး  (၁/ ၂၀၂၂) ကို ယမန်နေ့၊ နံနက်ပိုင်းကပြည်နယ်အစိုးရ အဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဟိုခိုဘုန်းတော်ကြီးကျောင်းနောက် ကျွဲ၊ နွားပွဲဈေးအနီးရှိ ရေချောင်းအား ရေစီးရေလာ ကောင်းမွန်စေရေးနှင့် သန့်ရှင်းမှုရှိစေရေးအတွက် ရေချောင်းချဲ့ထွင်ဆည်ယူခြင်းနှင့် ကျောက်ရိုးစီမြေကာနံရံပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

ကျုံပျော်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ၏ ဆောင်းသီးနှံနေကြာ သီးသန့် (သီးထပ်)ဧကပြည့်မီရေး တာဝန်ပေးအပ်ပွဲ ကျင်းပ

ပြည့်သူများ၏ စားရေရိက္ခာ စားသုံးဆီဖူလုံစွာ ရရှိနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံနေကြာ သီးသန့် (သီးထပ်)ဧက ပြည့်မီရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ဇမ္ဗူသီရိမြို့နယ်တွင် Mask Campaign ဆက်လက်ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် Mask Campaign ပြုလုပ်ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်သိန်း (၅၀၀) လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ (ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်သိန်း (၅၀၀) လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဖျာပုံမြို့၌ PTTEPI ကုမ္ပဏီ၏ မြန်မာ့သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက် M3 ၏ အောင်သိင်္ခဖွံ့ဖြိုးရေး စီမံကိန်းနှင့် M3 သဘာဝဓာတ်ငွေ့ရှာဖွေရေးနှင့် တွင်းတူးခြင်းလုပ်ငန်း များ ဆောင်ရွက်ရန် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ဒုတိယလူထုတွေ့ဆုံပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် PTTEPI ကုမ္ပဏီ၏ မြန်မာ့သဘာဝ ဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက် M3 ၏ အောင်သိင်္ခ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် M3 သဘာဝ ဓာတ်ငွေ့ရှာဖွေရေးနှင့် တွင်းတူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ ဒုတိယလူထုတွေ့ဆုံပွဲကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုင်းဖြတ်မြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဆိုင်းဘုတ်စိုက်ထူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုလူဦးရေးစာရင်း ပုံစံ၆၆/၆(အထစ)ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ မိဘပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပေးထုတ်ပြန်ချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက မိုင်းဖြတ်-မိုင်းယောင်း လမ်းဆုံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှေ့နှင့် မြို့နယ်ပြည်သူ့ပန်းခြံရှေ့တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွား စေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှား ရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်စည် ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to